မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၃၈၁၈) အတွက် ထပ်တိုးထောက်ပံ့ကြေးငွေများ ပေးအပ်

မော်လမြိုင်ကျွန်း  ဇန်နဝါရီ   ၂၆

လပွတ္တာခရိုင်  မော်လမြိုင်ကျွန်း  မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဖြစ်ပွားနေစဥ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား  အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ရာတွင်  မရရှိသေးသည့် ထပ်တိုးအိမ်ထောင်စု (၂၃၈၁၈)စု အတွက် ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့နေလည် ၁ နာရီအချိန်ကဆောင် ရွက်သည်။

အဆိုပါ ပေးအပ်ပွဲအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ​၊ မော်ဧရာအစည်းအဝေး ခန်းမ၌ ကျင်းပပြီး၊မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်​ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင် မင်းဌေးက ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား  အိမ်ထောင်စုများအတွက် ထောက်ပံ့င ွေပေးခဲ့ရာတွင် မရရှိသေးသည့် ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ထပ်မံပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၃ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၀၈ )အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု   (၂၃၈၁၈ )စုအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် နှစ်သောင်းနှုန်းဖြင့်  ထောက်ပံ့ငွေကျပ်စုစုပေါင်း (၄၇၆, ၃၆၀,၀၀၀) ကျပ် ကို  သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာအုပ်စု အလိုက် ပေးအပ်ခဲ့ပြီး ရပ်ကွက်၊ကျေးရွာနေ  ပြည်သူများထံ  လက်ဝယ်အရောက် ထောက်ပံ့ငွေများ အမြန်ဆုံးပေး အပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သီတာအောင် (ပြန်ဆက်)