ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ တိုက်နယ်ဆေးရုံဝင်းအတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်း များ ဆောင်ရွက်

ညောင်ဦး  ဇန်နဝါရီ   ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စဉ့်ကူတိုက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များသည် ပြည်သူ့အကျိုး ပြုလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က စဉ့်ကူတိုက်နယ်ဆေးရုံဝင်းအတွင်း ပေါင်းမြက်ရှင်းလင်းခြင်းများ ဆောင်ရွက်ကြောင်းသိရသည်။

စဉ့်ကူနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ကျော်မိုး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည်၊ ညောင်ဦးမြို့နယ် စဉ့်ကူတိုက်နယ်ဆေးရုံဝင်းအတွင်း ပေါင်းမြက်၊ခြုံနွယ်များ၊ရှင်း လင်းခြင်း၊ ရှင်းပြီးသားအမှိုက် ၊မြက်များအား တစ်ခါတည်းအမှိုက်ကျင်းသို့စွန့်ပစ်ပေးခြင်း ၊ မီးရှို့ရှင်းလင်းခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း စဉ့်ကူနယ်မြေ ရဲစခန်းမှူး ရဲအုပ်ကျော်မိုး ကပြောသည်။ စဉ့်ကူနယ်မြေ ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များသည် တစ်ပတ် တစ်ကြိမ် ပြည်သူ့အ ကျိုးပြုလုပ်ငန်းများလည်း ပုံမှန်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

ကိုထိန်၊ KPD