မြစ်သားမြို့နယ် သုခရတနာဘုန်းတော်ကြီး သင်ပညာရေးကျောင်းသို့ အလှူငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

မြစ်သား            ဇန်နဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မိုင်းမောအုပ်စု၊မိုင်းမောကျေးရွာ သုခရတနာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အလှူငွေနှင့်လှူဖွယ်ပစ္စည်းများကို ယနေ့နံနက်(၁၀)နာရီခွဲ အချိန်က ဆပ်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုသို့ လှူဒါန်းရာတွင် နမောဒဿသုံးကြိမ်ရွတ်ဆိုပြီး ကျောက်ဆည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းဥက္ကဋ္ဌ ဒေါ်သွဲ့ဝေလွင်နှင့် မြစ်သားမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ အလှူ ငွေကျပ်(၃)သိန်းနှင့် လှူဖွယ်ပစ္စည်းများကို သုခရတနာကျောင်းတိုက် ဆရာတော်အရှင်ဦးပညာဝံသ အားဆပ်ကပ် လှူဒါန်း ခဲ့ရာဆရာတော်မှရေစက်ချ အနုမောဒနာ တရားချီးမြှင့် ခဲ့ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအတိုင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

မြမြမွန်(ပြန်/ဆက်)