သတင်းများ

သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် လှူဒါန်း
Jan 26,2021
နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်သူများအား ထိုးနှံနိုင်ရေး ဆောင်ရွက်လျက် ရှိရာ သဲကုန်းမြို့နယ် အတွင်းရှိ စေတနာရှင်ပြည်သူများမှ ကာကွယ်ဆေးဝယ်ယူရာတွင် ထည့်ဝင် လှူဒါန်းနိုင်ရေးအတွက် မြို့နယ် ကိုဗစ်ကော်မတီ အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကော့သောင်းမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသက် (၁၈) နှစ်နှင့် အထက် လူဦးရေ စာရင်းကောက်ယူရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး
Jan 26,2021
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး ကော့သောင်းမြို့နယ်အတွင်း အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းကောက်ယူရေး လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် ပြုလုပ်သည်။
ကော့သောင်းမြို့နယ်၌ စတုတ္ထအကြိမ်ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား (ထပ်တိုး) အိမ်ထောင်စုများအား ထောက်ပံ့နိုင်ရေး ဌာနဆိုင်ရာကြီးကြပ်ရေး အဖွဲ့များသို့ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်
Jan 26,2021
ကော့သောင်းမြို့နယ် စတုတ္ထအကြိမ် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား (ထပ်တိုး) အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ငွေ များ မှန်ကန်စွာ ထောက်ပံ့နိုင်ရေး ဌာနဆိုင်ရာ ထောက်ပံ့ရေးကြီးကြပ်ရေးအဖွဲ့များသို့ ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် ပြုလုပ်ခဲ့သည်။
ဆွမ်ပရာဘွမ်မြို့နယ်၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု ဥပဒေ၊ ပြင်ဆင်သည့်ဥပဒေများ၊ နည်းဥပဒေ ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးရွေးချယ်
Jan 26,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ဖုန်ကျန်းကျေးရွာ၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု ဥပဒေ၊ ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးရွေးချယ် ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်၌ ကချင်ဘုရားကျောင်းတွင် ကျင်းပခဲ့သည်။
နွားအရေပြားအကျိတ်နာရောဂါ မပြန့်ပွားရေး ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်သဖြင့် ရောဂါပျောက်ကင်းရန် နွားကောင်ရေအနည်းငယ်သာ ကျန်ရှိဟုဆို
Jan 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာ (၆) ရွာတွင် နွားအရေပြား အကျိတ်နာရောဂါ (Lumpy Skin Disease) ဖြစ်ပွားလျက်ရှိသော နွားများမှအခြားနွားများသို့ ကူးစက်ဖြစ်ပွားခြင်းမရှိပဲ ရောဂါပျောက်ကင်းလာပြီဖြစ်ကြောင်း ယင်းမာပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ အေးအောင်ထံမှ သိရသည်။
ဥတ္တရသီရိမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
Jan 26,2021
ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် သရက်တောကျေးရွာအုပ်စု ၊ ပိုးစာတောကျေးရွာနှင့် မသိမ်ကျေးရွာရှိ ထပ်တိုးတင်ပြထားသည့်ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သီးနှံကာကွယ်ရေးဆိုင်ရာ Online Virtual စနစ်ဖြင့် သင်တန်းဖွင့်
Jan 26,2021
သီးနှံကာကွယ်ရေးဆိုင်ရာ Plantwise TOT သင်တန်းကို မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ၏ အစီအစဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်းက Online Virtual စနစ်ဖြင့် ပြုလုပ် သည်။