သတင်းများ

ရှမ်းရွာသစ်မြို့ ရင်းဘိုင်းကျေးရွာအုပ်စု၊ ထီးပနားကျေးရွာတွင် ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း (၉၀)ရာခိုင်နှုန်းပြီးစီး
Jan 26,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် လူထု ဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ရင်းဘိုင်းကျေးရွာအုပ်စု၊ ထီးပနားကျေးရွာ၌ ကွန်ကရစ် တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ (၂၄)ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယခုအချိန်တွင် (၉၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေချယ်နိုင်ရေး အုပ်ချုပ်ရေး ဥပဒေနှင့် နည်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး
Jan 26,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လာမည့်အစိုးရသက်တမ်းအတွက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး ပြန်လည်ရွေးချယ်နိုင်ရန် အတွက် ပြည်သူများအား အုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ ချပြရှင်းလင်း ဆွေးနွေးအသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်း က လွိုင်ကော်မြို့၊ ချိကယ်ရပ်ကွက်၊ အခြေခံ ပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ သည်။
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 26,2021
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရ သည်။
မက်မန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်
Jan 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား(ထပ်တိုး)အိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
မီးဘေးသင့်အိမ်ထောင်စုတစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့
Jan 26,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် နောင်ပုလဲကျေးရွာအုပ်စု (၄)မိုင်ကဖုကျေးရွာ တွင် ယမန်နေ့ နံနက် ၁ နာရီက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ထောင်စု တစ်စုအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ ညနေ ၅ နာရီခွဲက ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးကွင်းဆင်း ဆောင်ရွက်
Jan 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ကွင်းဆင်းအသိပညာ‌ပေးခြင်းကို ယ‌နေ့ နံနက်(၁၀)နာရီခွဲက ဖာချယ်ကျေးရွာ၊ ဘုန်းကြီးကျောင်းဝန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်ပို့ချ
Jan 26,2021
ဒက္ခိဏခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့တွင် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပန်လုံမြို့တွင် အိမ်ထောင်စုစာရင်း မရှိသူများအား OSS အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ပေး
Jan 26,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ရပ်ကွက်များ၌နေထိုင်ပြီး အိမ်ထောင်စုစာရင်း မရှိသူများကို OSS အဖွဲ့မှ ယနေ့နံနက် ၁၀ နာရီအချိန်က ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်များတွင် အိမ်ထောင်စုစာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။