ညောင်တုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေး အဖွဲ့ ရွေးချယ်ဖွဲ့စည်း

ညောင်တုန်း  ဇန်နဝါရီ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး အတွက် အဖွဲ့ဝင်()ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့နံနက် ၁၀ နာရီက သပြုရေလယ်ကျွန်း ကျေးရွာအုပ်စု၌ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အကူအညီပေးရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးကြည်လွင်က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအား ရပ်/ကျေး အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ်နိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ဝင်()ဦးအား အများဆန္ဒ နှင့်အညီ ကြီးကြပ်ရေးအဖွဲ့အား ရွေးချယ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ရန် အဖွဲ့ဝင်()ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ် ဖွဲ့စည်းခြင်းကို မြို့နယ်အကူအညီပေးရေးအဖွဲ့မှ တာဝန်ရှိသူများက သတ်မှတ်ထားသောဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်()ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ရက်နေ့အထိ ရွေးချယ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)