တနင်္သာရီ-ဇန်နဝါရီ ၂၇
အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ ချစ်ကြည်ရင်းနှီးမှုဖြင့်ပေးပို့လှူဒါန်းသော ကိုဗစ်ကာကွယ်ဆေးများကို တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တနင်္သာရီမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသောကျန်းမာရေးဝန်ထမ်း(၁၆၂)ဦးအား ကုတင်(၅၀) ပြည်သူ့ဆေးရုံတိုးချဲ့ဆေးရုံအတွင်း ဇန်နဝါရီလ၂၇ ရက် နံနက်၉နာရီမှစ၍(ပထမ)သုတ်အဖြစ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းအားစတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင် သိုက်ထွန်းထံမှ သိရှိရသည်။
တနင်္သာရီမြို့နယ်အတွင်းကုတင်(၅၀)ဆံ့ဆေးရုံ(တစ်)ရုံ၊ တိုက်နယ်ဆေးရုံ(၃)ရုံ၊ ကျေးလက်ကျန်းမာရေးဌာန(၄)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ(၂၄)ခု၊ မြို့နယ်မိခင်နှင်ကလေးကျန်းမာရေးဌာန(တစ်)ခုနှင့်မောတောင်မြို့ဆေးပေးခန်း(၁)ခန်း စသည်တို့တွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းပေါင်း(၁၆၂)ဦးရှိရာ ၎င်းတို့ကို ကုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံ တစ်နေရာတည်း တွင် ဇန်နဝါရီလ(၂၇)ရက်နှင့်(၂၈)ရက်၊ (၂)ရက်တာအတွင်း ပြီးစီးအောင်ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ နောက်ထပ်ရက်သတ္တပတ်(၄)ပတ်(၂၈)ရက်တွင် (ဒုတိယ)အကြိမ်ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဘေးကင်းစွာဆောင်ရွက်နိုင်ရန်အတွက် ကာကွယ် ဆေးဆိုင်ရာအကြောင်းအရာများ၊ ကာကွယ်ဆေးသိုလှောင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဖြန့်ဝေခြင်းနှင့် စွန့် ပစ်ပစ္စည်းများစီမံခန့်ခွဲခြင်း၊ဆေးထိုးစုရပ်များ စနစ်တကျစီစဉ်ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးမထိုး သင့်သူများနှင့် ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲပြဿနာများကို စောင့်ကြပ်စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုကိုဆက်သွယ်ပြောဆိုခြင်း စသည့်အချက်များကို တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှအွန်လိုင်းမှတစ်ဆင့် သင်တန်းပို့ချပေး ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)