ငွေဆောင် ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရောဂါအဖြစ်များသည့် ဒေသများမှ ဝင်ရောက်လာသူများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ အ.ထ.ကငွေဆောင် Facility Quarantine Center တွင် (၁၄)ရက် ထားရှိခြင်းနှင့် သတ်မှတ်ရက် ပြည့်မြောက်ပါက Home Stay (၇)ရက် နေထိုင်စေခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် အ.ထ.က ငွေဆောင်ကျောင်း၌ ယနေ့ နံနက် ၈ နာရီထိ Quarantine ဝင်ရောက်နေသူ (၂၂)ဦးရှိပြီး အားလုံးကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ငွေဆောင်ကျေးလက်ကျန်းမာရေးဌာနခွဲ ဘက်စုံသားဖွားဆရာမ ဒေါ်ခင်မိမိလှိုင်ထံမှ သိရသည်။
မူမူသွင်(ပြန်/ဆက်)