သတင်းများ

ကျောက်ဆည်မြို့နယ်တွင် စပျစ်ပင်များ စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း
Feb 02,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် မှိုင်းပန်ကျေးရွာတွင် စပျစ်ပင်(၅၀၀) စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး အသီးထွတ် နှုန်းကောင်းမွန်ကာ ရောင်းချရာတွင်လည်း ဈေးနှုန်းသင့်တင့်စွာ ရောင်းရသဖြင့် စပျစ်စိုက်တောင်သူများ စီးပွားရေးတွက်ခြေကိုက်လျက်ရှိ ကြောင်း သိရှိရသည်။
ငဖဲမြို့နယ် လေးအိမ်စုကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများ၊ စားသောက်ကုန်များနှင့် အသုံးအဆောင် ပစ္စည်းများ သွားရောက်လှူဒါန်း
Feb 02,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပင်ဦးကျေးရွာအုပ်စု လေးအိမ်စုကျေးရွာရှိ မီးဘေး သင့် ပြည်သူများ အတွက် အများပြည်သူအလှူရှင်များမှ စုပေါင်းလှူဒါန်းသော အလှူငွေများ၊ စားသောက်ကုန်များနှင့် အသုံးအဆောင် ပစ္စည်းများကို လွှတ်လပ်စွာ ပျော်ရွင်တတ်သော မင်းဘူး အဖွဲ့မှ ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက လေးအိမ်စုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သွားရောက် လှူဒါန်းပေးအပ်ခဲ့ကြောင်း လွှတ်လပ်စွာပျော်ရွင်တတ်သော မင်းဘူးအဖွဲ့မှ အတွင်းရေးမှူး ကိုပိုင်စိုးသူထံက သိရသည်။
မိုးနဲမြို့၌ သောက်သုံးရေခက်ခဲသောကျေးရွာများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း
Feb 02,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် သောက်သုံးရေ အခက်အခဲကြုံနေသည့် ကျေးရွာများသို့ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ရွှေပိုးပရဟိတအသင်းတို့ ပူးပေါင်း၍ သောက်သုံးရေးများကို ယနေ့ နံနက် ၇ နာရီအချိန်က မိုင်းနူစံကျေးရွာသို့ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရေး ရန်ပုံငွေလှူဒါန်းရေးကော်မတီသို့ အလှူငွေကျပ် ၁၂ သိန်း ထောက်ပံ့လှူဒါန်း
Feb 02,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ကာကွယ်ဆေး ဝယ်ယူရေး ရန်ပုံငွေလှူဒါန်းရေးကော်မတီမှ အလှူငွေများ ကောက်ခံလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့ ပက်အပြည်ပြည်ဆိုင်ရာ အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုရန်ပုံငွေအဖွဲ့အစည်း (PGMF) မှ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူငွေများ လာရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာတွင် ဆောင်းခိုငှက်များ အများအပြား လာရောက်ကျက်စားလျက်ရှိ
Feb 02,2021
မိတ္ထီလာတွင် ဆောင်းရာသီရောက်တိုင်း နှစ်စဉ်လာရောက်ကျက်စားလေ့ရှိသည့် ဆောင်းခိုငှက် များမှာ ယခုနှစ်တွင် ဇန်နဝါရီလနှောင်းပိုင်းနှင့် ဖေဖော်ဝါရီလဆန်းကာလ၌ အများအပြား လာရောက်ကျက်စားလျက်ရှိကြောင်း သိရသည်။
ရေဇွာမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Feb 02,2021
ချင်းပြည်နယ်၊ ရေဇွာမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ရေဇွာမြို့ ကျေးလက်ကျန်းမာရေးဌာန ဆေးခန်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့​ကြသည်။
နမ့်ဆန်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းများမှ အလှူငွေလှူဒါန်း
Feb 02,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန် ယမန်နေ့ နံနက် (၁၀) နာရီက ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေး အသင်းများတို့က စုပေါင်း၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
ပင်လောင်းမြို့ မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ
Feb 02,2021
ပွင့်လင်းရာသီအချိန်ရောက်ရှိလာသည့်အတွက် မီးလောင်မှုမဖြစ်ပေါ်စေရန် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသခြင်း အသိပညာပေးလုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့မဈေး၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။