နမ့်ဆန် ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန် ယမန်နေ့နံနက် (၁၀) နာရီက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုကူညီရေး အသင်းများတို့က စုပေါင်း၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီက ဦးဆောင်စည်းရုံး၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းများ၊ စေတနာ ရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် အလှူငွေ ကျပ်(၅,၂၆၂,၀၀၀)အား ပေးအပ်လှူဒါန်းရာ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာထက်ဖြိုးဝေက လက်ခံရယူသည်။ ထို့ပြင် နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းတွင် တက်တက်ကြွကြွပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် မြို့နယ်ကြက်ခြေနီ အသင်းဝင်များအား မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီက ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)