ကျောက်ဆည်မြို့နယ်တွင် စပျစ်ပင်များ စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်  ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် မှိုင်းပန်ကျေးရွာတွင် စပျစ်ပင်(၅၀၀) စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး အသီးထွတ် နှုန်းကောင်းမွန်ကာ ရောင်းချရာတွင်လည်း ဈေးနှုန်းသင့်တင့်စွာ ရောင်းရသဖြင့် စပျစ်စိုက်တောင်သူများ စီးပွားရေးတွက်ခြေကိုက်လျက်ရှိ ကြောင်း သိရှိရသည်။

စပျစ်စိုက်ပျိုးသည့်အခါ မစိုက်ပျိုးမီ မြေပြင်ရာတွင် တစ်ပေအနက်၊ တစ်ပေအကျယ်ကျင်းတူးပြီး သဘာဝမြေဆွေးများထည့်ကာ ပြုပြင် ရကြောင်း မြေပြုပြင်ပြီးမှ စပျစ်အရိုင်းပင်ကိုစိုက်ပျိုးပြီး (၆)လအကြာတွင် အညွှန့်ကိုင်းဖြတ်ပြီးအယဉ်မျိုးနှင့်ကိုင်းကူးပေးရကြောင်း ကိုင်းကူးပြီး (၆)လအကြာတွင် စပျစ်သီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း စပျစ်အပင်(၅၀၀)စိုက်ပျိုးမည်ဆိုပါက စတင်အသီးသီးချိန်အထိ ကုန်ကျငွေ (၁၆)သိန်းခန့်ကုန် ကျကြောင်း အသီးများခူးဆွတ်ရောင်းချရာတွင် (၂)လကျော်အထိ ခူးဆွတ်ရကာ ကုန်ချိန်(၁၅၀၀)ပိဿာခန့် ရရှိကြောင်း ရောင်းဈေး အနေဖြင့် တစ်ပိဿာ(၃၀၀၀)ကျပ်၊(၄၀၀၀)ကျပ် ဈေးအမျိုးမျိုးရောင်းရကြောင်း ရောင်းရငွေတွက်ကြည့်ပါက ကျပ်(၆၀)ခန့် ရရှိကြောင်း မှိုင်းပန်းကျေးရွာမှ ကိုယ်တိုင်စပျစ်စိုက်ပျိုးသူ ဦးညွှန့်ဝင်းကပြောပြသည်။

ထို့ကြောင့် သပျစ်သီးနှံသည် ကျောက်ဆည်မြို့၏ ရာသီးဥတု၊ ရေ၊ မြေနှင့် ကိုက်ညီပြီး အခြားသီးနှံများနှင့် နှိုင်းယှဉ်ပါက အကျိုးအမြတ်များ သောကြောင့် ယာမြေပိုင်ဆိုင်သော တောင်သူတစ်ချို့သည် စပျစ်ပင်များ တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)