ပွင့်ဖြူမြို့နယ် မြောက်မုန်းမြောင်းမကြီးတွင် သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုလုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့်ပြီးစီး
Feb 02,2021
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ကျောင်းကုန်းကြီးကျေးရွာမှ ဒေသခံ ပြည်သူများ ရာသီ မရွေး အဆင်ပြေစွာ သွားလာ နိုင်ရေး အတွက် ကျေးရွာအနီး ရှိ မြောက်မုန်း မြောင်းမကြီးတွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ခွင့်ပြုရန်ပုံငွေဖြင့် သံကူကွန်ကရစ် တံတားတစ်စင်း အကောင် အထည်ဖော် တည်ဆောက် လျက်ရှိရာ လက်ရှိတွင် လုပ်ငန်းများ ၉၀ ရာခိုင်နှုန်းခန့် တည်ဆောက် ပြီးစီးနေပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရ သည်။