ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်
Jan 31,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ၂၀၂၀ပြည့်နှစ် အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘလများ အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာအုပ်စု ကျေးရွာများရှိ အသက်(၈၅)နှစ် အထက် ဘိုးဘွားများထံလက်ဝယ်အရောက် အိမ်တိုင်ရာ ရောက် ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။