သတင်းများ

ကျောက်တံတားမြို့နယ်အမှတ်(၇)ရပ်ကွက်တွင် ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ရွေးချယ်​​ရေးအတွက် ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦး အား စိစစ်ရွေးချယ်
Jan 31,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင် ​ကျောက်တံတားမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်​​ရေးအတွက် ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးအား စိစစ်ရွေးချယ်ခြင်းကို ယမန်နေ့ ​ည​နေ(၄))နာရီအချိန်က အမှတ် (၇)ရပ်ကွက်ဓမ္မာရုံတွင် စိစစ်ရွေးချယ်ခြင်းပြုလုပ်ခဲ့​ကြောင်းသိရသည်။
ရေတာရှည်မြို့နယ်တွင် စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းများအား တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု
Jan 31,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးခင်မောင်ဇင်၊ တောင်ငူခရိုင်ဦးစီးမှူး ဦးသိန်းလွင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်​ဆေး ကြည့်ရှုခဲ့ရာ တာဝန်ခံ ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီ တာဝန်ရှိသူများက ထယ်ထိုးခြင်း၊ ကန်သင်းဖော်ခြင်း၊ မြေညှိခြင်း၊ ကုန်ထုတ်လမ်း၊ ရေသွင်းမြောင်း၊ ရေထုတ်မြောင်း၊ ကွင်းပတ်လမ်းများဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဦးစီးမှူးမှ ကုမ္ပဏီများအနေဖြင့် အကျိုးအမြတ်ထက် တောင်သူများ၏ ရေရှည် အကျိုးစီးပွါးကို ငဲ့ကွက်၍ စေတနာပါပါဖြင့်ဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဒီးမော့ဆိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်
Jan 31,2021
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့က သက်ဆိုင်ရာ ကျေးရွာများသို့ သွားရောက်ပေးအပ်ခဲ့သည်။
ဒီးမော့ဆိုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်နိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်း
Jan 31,2021
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သစ် ရွေးချယ်နိုင်ရန်အတွက် အဖွဲ့ဝင်(၅)ဦးပါဝင်သော ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့ နံနက်ပိုင်း မှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်တွင် နွေစပါးစိုက်ဧက ၈၀၀ ခန့်သာ စိုက်ပျိုးနိုင်ရန် လျာထား
Jan 31,2021
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ယခင်နှစ်များထက် နွေစပါးစိုက်ဧက လျာထားချက်များစွာ လျော့နည်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများအနေဖြင့် ကုလားပဲသီးနှံရိတ်သိမ်းသည့်အချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်
Jan 31,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသော ကုလားပဲသီးနှံ စိုက်ခင်း များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံတောင်သူများအနေဖြင့် ကုလားပဲသီးနှံရိတ်သိမ်းသည့်အချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရ သည်။
မိုးမိတ်မြို့တွင် မိုးလုံလေလုံအားကစားရုံ စတင်တည်ဆောက်
Jan 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ၏ မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ခြင်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က အဆိုပါအဆောက်အဦဆောက်လုပ်မည့် မြို့နယ်အားကစားကွင်းတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တိုးချဲ့ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်
Jan 31,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် ရေစီးရေလာ ကောင်းမွန် စေရေးတို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း မြို့နယ်စည်ပင် သာယာ ရေး ကော်မတီမှ တာဝန်ရှိသူများက မြို့နယ်အတွင်း ခရီးသွားပြည်သူများ သွားရေးလာရေးတွင် အဆင်ပြေချောမွေ့စေ ရေးအတွက် တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် သတိပဋ္ဌာန်လမ်းတစ်လျှောက် တိုးချဲ့ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။