မိုးနဲမြို့၌ သောက်သုံးရေခက်ခဲသောကျေးရွာများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း

မိုးနဲ ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် သောက်သုံးရေ အခက်အခဲကြုံနေသည့် ကျေးရွာများသို့ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ရွှေပိုးပရဟိတအသင်းတို့ ပူးပေါင်း သောက်သုံးရေးများကို ယနေ့ နံနက် နာရီအချိန်က မိုင်းနူစံကျေးရွာသို့ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ သွားရောက်လှူဒါန်းရာတွင် မိုးနဲမြို့ရွှေပိုးပရဟိတအသင်းနာယက စိန်တောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုန္ဒရ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကိုကိုသက်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သောက်သုံးရေ အခက်အခဲရှိသော  အိမ်ခြေ ၁၀၀ ကျော်မှပြည်သူ ၆၀၀ ကျော်နေထိုင်လျက်ရှိသော မိုင်းနူစံကျေးရွာသို့သောက်သုံးရေးဂါလံ ၁၆၀၀ ကို သွားရောက်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ လွိုင်ချိုကျေးရွာသို့လည်း ရေဂါလံ ၈၀၀ ကို ဆက်လက်လှူဒါန်းပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 မျိုးညွန့်ရွှေ (မိုးနဲ)