သတင်းများ

မိုင်းကိုင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၌ အုပ်ချုပ်ရေးမှူးရွေးချယ်ရေး ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ပွဲ ကျင်းပ
Jan 31,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး အတွက် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ပွဲများကို ဇန်နဝါရီလ တတိယအပတ်မှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးတွင် ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၄)ရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ပွဲကို ကျောင်းကန် ဘုန်းတော်ကြီးကျောင်း ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟားခါး-ထန်တလန် လမ်းတွင် မော်တော်ယာဉ်တစ်စီး ချောက်ထဲထိုးကျ တိမ်းမှောက်၍ လူ (၂) ဦးသေဆုံး
Jan 30,2021
ချင်းပြည်နယ် ဟားခါးမြို့မှ (၄) မိုင်ခန့်အကွာ ဟားခါး-ထန်တလန်လမ်းတွင် ထန်တလန်မှ ဟားခါးသို့ ထွက်ခွာလာသော အိမ်စီးကား (၄) ဘီးကား ခဲရောင်ယာဉ်သည် ယနေ့ညနေ ၂ နာရီ မိနစ် ၂၀ အချိန်ခန့်က အရှိန်လွန်ပြီး ပေ (၅၀၀) ခန့်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်၍ ယာဉ်မောင်းနှင့် သမီးဖြစ်သူ (၂) ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
မြစိမ်းရောင် ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲနှင့် စီမံကိန်း စံပြကျေးရွာ ဆုချီးမြှင့်ပွဲပြုလုပ်
Jan 30,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာ စီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲနှင့် စီမံကိန်းစံပြကျေးရွာ ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
မြောင်းမြခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Jan 30,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင်ယမန်နေ့ နေ့လယ် (၃) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ Tech AGE girls Myanmar (2021) သင်တန်းသူ လူငယ်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်၊ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း ဘက်စုံသုံးခန်းမ အဆောက်အအုံပန္နက်တင်ခြင်းဆောင်ရွက်
Jan 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ လွှတ်တိုက်ကျေးရွာအုပ်စု၊မဒေါင် ကျေးရွာတွင် ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်း၊ ဘက်စုံသုံးခန်းမ အဆောက်အအုံ ပန္နက်တင်ခြင်းကို နေ့နံနက် (၉) နာရီက အဆိုပါအဆောက်အအုံ တည်ဆောက်မည့် မြေနေရာ၌ ကျင်းပကြောင်းသိရသည်။
နွားထိုးကြီးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ ရုံးသစ်ဖွင့်လှစ်
Jan 30,2021
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် နွားထိုးကြီးမြို့၌ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ အဆောက်အအုံသစ် ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၈ နာရီက အဆိုပါမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ အဆောက်အဦရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ခန္တီးမြို့ ကမ်းနားလမ်းရှိ စည်ပင်သာယာရေးပိုင် ကျွန်းတော၌ EM ဘိုကာရှီ သဘာဝမြေဆွေးပုံ ပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်
Jan 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ ကမ်းနားလမ်းရှိ စည်ပင်သာယာရေးပိုင် ကျွန်းတောတွင် ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ EM ဘိုကာရှီ သဘာဝမြေဆွေးပုံ ပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ် ခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး လုပ်ငန်းစဉ် သင်တန်းပို့ချ
Jan 30,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးများ သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ရွေးချယ်နိုင်ရေးအတွက် လုပ်ငန်းစဉ် သင်တန်း ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။