သတင်းများ

ကိုဗစ်ကာလအတွင်း နေအိမ်အခက်အခဲရှိသူ ပြည်သူများနှင့် အနှေးယာဉ်လုပ်သား ပြည်သူများအတွက် စုပေါင်းလှူဒါန်း
Feb 02,2021
ပဲခူးမြို့၌ ကိုဗစ်ကာလအတွင်း နေအိမ်အခက်အခဲ ရှိသော ပြည်သူများနှင့် အနှေးယာဉ်လုပ်သား ပြည်သူများအား သုညတဓမ္မရံသီ တရားရိပ်သာမှ သီလရှင်ဆရာလေးခေမာရံသီနှင့် We Love Bago နှင့်ချမ်းမြေ့ဇေယျာ ဓမ္မစကူးလ်မှ ကိုသိန်းထိုက်လင်း နှင့် ဝန်းရံပရဟိတအဖွဲ့ဝင်များက ဇန်နဝါရီ ၃၁ ရက် မွန်းလွဲပိုင်းက လိုက်လံလှူဒါန်းပေးကြောင်း သိရသည်။
မွန်ပြည်နယ် လမိုင်းမြို့၌ လူငယ်နှင့်အားကစားကဏ္ဍ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ပြုလုပ်
Jan 31,2021
မွန်ပြည်နယ် လမိုင်းမြို့ ပြ​န်ကြားရေးနှင့်ပြ​ည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရေးမြို့နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍လူငယ်နှင့် အားကစားကဏ္ဍအသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့မွန်းလွဲ ၁ နာရီက လမိုင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ချင်းရွှေဟော်၌ နေရပ်ပြန်ပြည်သူ(၃၈)ဦး အားကိုဗစ်−၁၉ ရောဂါပိုး ရှိ၊ မရှိ Rapid Test Kit ဖြင့်စစ်ဆေး
Jan 31,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ချင်းရွှေဟော်မြို့တွင် အသွားအလာကန့်သတ်စောင့်ကြပ်၍ သီးခြား ထားရှိပြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာသီဟ နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးပေး လျက်ရှိရာ ယနေ့နံနက်(၁၁)နာရီအချိန်က Rapid Test Kit စနစ်ဖြင့် ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ စစ်ဆေးဆောင်ရွက် ခဲ့ကြောင်းသိရသည်။
မအူပင်မြို့တွင် မြန်မာနိုင်ငံကလေးများနေ့ ဂုဏ်ပြုသောအားဖြင့် မူလတန်းကြိုကျောင်းပေါင်းစုံ ဖျော်ဖြေပွဲ၊ ပြိုင်ပွဲနှင့် လက်ဆောင် ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jan 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးကျင်းပသည့် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏(၁၀၆)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက လူမှုဝန်ထမ်းရုံးခန်းမတွင် ကျင်းပသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့မှလှူဒါန်းပေးသည့် ဆန်၊ဆီ၊ဆားများကို သံဖြူဇရပ်မြို့ဘုန်း​တော်ကြီး​ကျောင်းနှင့်သီလရှင်စာသင်တိုက်များသို့ပို့​ဆောင်ဆက်ကပ်
Jan 31,2021
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ  ပရိယတ္တိစာသင်တိုက်  ဘုန်း​တော်ကြီး  ​ကျောင်းများ၊ သီလရှင်စာသင်တိုက်များသို့  မွန်ပြည်နယ်အစိုးရအဖွဲ့မှ​ပေးပို့လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆားများကို မြို့နယ် အ​​​ထွေ​ထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်သာသနာ့နုဂ္ဂဟအဖွဲ့တို့ အစီအစဉ်ဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းပရိယတ္တိစာသင်တိုက်များနှင့်  သီလရှင်​ကျောင်းများသို့ ပေးပို့ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
ဖားကန့်မြို့နယ်သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်သူများအနေဖြင့် အသစ်ချမှတ်ထားသော စည်းကမ်းချက်များနှင့်ကိုက်ညီမှသာ မြို့နယ်တွင်း ဝင်ရောက်ခွင့်ပြု‌မည်
Jan 31,2021
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ လာရောက်သူများအနေဖြင့် ဖားကန့်ဒေသခံ မှတ်ပုံတင် ၁/ကမန ပါရှိရမည်ဖြစ်ပြီး မိမိလာရာအရပ်ဒေသမှ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ထောက်ခံချက်ပါ ရှိခြင်းနှင့် ဖားကန့်ဒေသတွင်းမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ထောက်ခံချက်ရရှိခြင်း၊ ဝန်ထမ်းများ ဖြစ်ပါက သက်ဆိုင်ရာ ဌာန/ကုမ္ပဏီ၏ ဝန်ထမ်းဖြစ်ကြောင်းထောက်ခံချက်တို့ပါရှိခြင်း၊ စသည့်အချက်များနှင့် အကျုံးဝင် မှသာ မြို့နယ်တွင်း ဝင်ရောက်ခွင့်ပြု‌တော့မည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်ထံမှ သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ် ကုတင်​(၁၀၀) ဆေးရုံကြီးတွင် အောက်ဆီဂျင်စက်တပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ် ဆေးဝယ်ယူရန် လှူဒါန်းမှုတို့ အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
Jan 31,2021
လပွတ္တာခရိုင်၊ ​မော်လမြိုင်ကျွန်း မြို့နယ်ကုတင်(၁၀၀)ဆေးရုံကြီးတွင် အောက်ဆီဂျင်စက် တပ်ဆင်လှူဒါန်းခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် အလှူငွေလှူဒါန်းခြင်းတို့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနား ကိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမတွင် ယနေ့နံနက် ၁၁ နာရီက ကျင်းပကြောင်း သိရသည်။