သတင်းများ

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) မှတစ်ဆင့် ထိုင်းနိုင်ငံမှလွှဲပြောင်းပေးသော မြန်မာနိုင်ငံသား ၅ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ
Apr 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂)ကတဆင့် ထိုင်းနိုင်ငံမှလွှဲပြောင်းပေးလာသော ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ အမျိုးသား (၃) ဦး၊ အမျိုးသမီး (၂)ဦး စုစုပေါင်း (၅) ဦးကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
မိုင်းတုံမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်းဖွင့်လှစ်
Apr 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်းကို ယမန်နေ့ နံနက် (၈)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မကွေးမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်းဖွင့်လှစ်
Apr 19,2021
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်း မွမ်းမံသင်တန်းကို ယနေ့နံနက် ၈ နာရီခွဲက မကွေးမြို့ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်းဖွင့်လှစ်
Apr 19,2021
ပုသိမ်ခရိုင် သာပေါင်းမြို့နယ် ပြည်အေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်း ဖွင့်လှစ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံ သင်တန်းဖွင့်ပွဲကျင်းပ
Apr 19,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂန့်​ဂေါမြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း
Apr 19,2021
ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းပွဲကို ဂန့်ဂေါမြို့ သာသနာ့ဗိမာန်တော်၌ ယမန်နေ့ညနေက ပြုလုပ်သည်။
ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား မွမ်းမံသင်တန်း ဖွင့်လှစ်
Apr 19,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(စုပေါင်းရုံး)အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျောက်ဆည်မြို့တွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများအား လုပ်ငန်းမွမ်းမံသင်တန်းဖွင့်
Apr 19,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် မြန်ဆန်၊ မှန်ကန်ပြီး တိကျမှု ရှိစေရေးအတွက် လုပ်ငန်းမွမ်းမံ သင်တန်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။