သတင်းများ

၂၀၂၁−၂၀၂၂ ခုနှစ်၊ လုပ်ငန်းရာသီဂရန်အင်းနှင့် တင်ဒါငါးဖမ်းကွက်များ လေလံတင်ရောင်းချခြင်း အခမ်းအနားကျင်းပ
May 28,2021
၂၀၂၁−၂၀၂၂ ခုနှစ်၊ လုပ်ငန်းရာသီအတွက် မြောင်းမြခရိုင်နှင့် အိမ်မဲ၊ ဝါးခယ်မမြို့နယ် ဧရိယာအတွင်းရှိ ငါးဖမ်းကွက်များအား (ဒုတိယအကြိမ်) စျေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြောင်းမြခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပ ပြုလုပ်သည်။
ရွှေကျင်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့  အခမ်းအနားကျင်းပ
May 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိ်န်က အ.ထ.က (ရွှေကျင်) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  (Book Club)မှ  စာဖတ်ဝိုင်းကျင်းပ
May 28,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ နံနက် ၁၀  နာရီက စာအုပ်စာစောင်  ချစ်မြတ်နိုးသူများအသင်း  (Book Club)မှ စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်းသိရသည်။
မိုးနဲမြို့တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကျောင်းအပ်နှံရေးနေ့ အခမ်း အနားကို အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အတွင်းရေး မှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနီဝင်းနှင့်အဖွဲ့ဝင်များ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေ၊ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြိတ်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ဈေး(၆)ဈေးတွင်  Mask Campaign  ပြုလုပ်၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ 
May 28,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ တွေ့ရှိလာ၍ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ဈေး(၆)ဈေးတွင် Mask Campaign တပြိုင် တည်း ပြုလုပ်၍ ဈေးသူ၊ ဈေးသားများ၊ ဈေးဝယ်သူများနှင့် ဈေးအပြင်ဘက် လမ်းသွားလာ ပြည်သူများအား နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြရန် ပညာပေး၍ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ
May 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အထက ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ
May 28,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ငါန်းဇွန်မြို့လောကနတ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်ရှိအခြေခံပညာအထက်တန်းကျောင်းများ၌ကျောင်းအပ်နှံရေးများ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိ
May 28,2021
မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ်အထက်တန်း၊အလယ်တန်း၊မူလတန်းအဆင့်ကျောင်းအပ်နှံရေးများကိုနေ့စဉ် နံနက် (၉)နာရီမှစတင်ကာ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။