မိုင်းတုံမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်းဖွင့်လှစ်

မိုင်းတုံ  ဧပြီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်းကို ယမန်နေ့ နံနက် ()နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက အမှာစကားပြောကြားပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ အုပ်ချုပ်ရေးမှူးများအား သင်တန်း ပို့ချရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လမ်းစဉ်(၅)ရပ်ဦးတည်ချက်(၉)ရပ်နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းတာဝန်များကို လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ထွန်းက တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနမှ ဦးစီးအရာရှိ  ဦးအောင်အောင်ထွန်းက လူဦးရေစာရင်း ကောက်ယူပြုစုခြင်း၊ ရေးသွင်းခြင်းဆိုင်ရာ လုပ်ငန်းများကို လည်းကောင်း၊ မြို့နယ်မြေစာရင်း ဦးစီးမှူး  ဦးထက်ပိုင်မှူးက ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲ ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်အောင်က ပုံစံ(၂၇)မျိုး ဖြည့်သွင်းခြင်းဆိုင်ရာလုပ်ငန်းများ စသည့်ဘာသာရပ်များကိုလည်းကောင်း တစ်ရက်တာ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား စုစုပေါင်း (၂၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)