မြစ်သားမြို့နယ်တွင် မိုးရာသီကာလစိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း ၄၀၀၀၀ စိုက်ပျိုးထား
Apr 21,2021
ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ် သစ်တောဦးစီးဌာနတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါစီမံကိန်းအကောင်အထည် ဖော်နိုင် ရန် အတွက် မြစ်သားမြို့နယ်ရှိ မြို့မယာယီပျိုးဥယျာဉ်နှင့် ရေအေးဆိပ်ယာယီ ပျိုးဥယျာဉ် တို့တွင်မိုးရာသီကာလ သစ်ပင်များ စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း (၄၀၀၀၀) ပျိုးထောင် စိုက်ပျိုးထားရှိကြောင်းသိရသည်။