သတင်းများ

ဗိုလ်တထောင်မြို့နယ်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအတွက် လုပ်ငန်းမွမ်းမံ သင်တန်းဖွင့်လှစ်ပို့ချ
Apr 20,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ (၄၅) လမ်း၊ အမှတ်-၂၆၃ ရှိ YMCA ခန်းမတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအတွက် လုပ်ငန်းမွမ်းမံသင်တန်းကို၁၉-၄-၂၀၂၁ ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Apr 20,2021
‌မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သာသနာ့ဗိမာန်တော်ကြီး၌ ယနေ့နံနက်(၉)နာရီက ဒုတိယအကြိမ်အဖြစ် စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covishield ဒုတိယအကြိမ် ထိုးနှံပေး
Apr 20,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Covishield ပထမ အကြိမ် ထိုးနှံထားသူများအား ဧပြီလ(၂၀)ရက် နံနက်ပိုင်းမှ စတင်ကာ ကျန်းမာရေးဝန်ထမ်းများမှ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဒုတိယအကြိမ်   ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Apr 20,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် (၂၀)ရက် ယနေ့နံနက်(၉)နာရီက အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် သံဃာတော်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေးများ ဆက်လက် ထိုးပေးလျှက်ကြောင်း သိရှိရသည်။
ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်းဖွင့်လှစ်
Apr 20,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်း ဖွင်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ် ဖွင့်လှစ်သင်ကြား ပေးခဲ့သည်။
ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒုတိယအကြိမ် အခမဲ့ထိုးနှံပေး
Apr 20,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်၌ ဌာနဆိုင်ရာ ၀န်ထမ်းများအား၊ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး Covishield ကို ယနေ့နံနက်(၉)နာရီက ပုလောမြို့နယ်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာ၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ ဘုန်းကြီးကျောင်းအဆောက်အအုံတစ်ချို့နှင့် ဓမ္မာရုံ ၂ ရုံ ပျက်စီးမှုများ ဖြစ်ပေါ်
Apr 20,2021
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင် ယမန်နေ့ညနေ ၄ နာရီခွဲခန့်က လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၁၂ လုံး၊ ဘုန်းကြီးကျောင်း ၄ ကျောင်းနှင့် ဓမ္မာရုံ ၂ ရုံ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်းတန်ဖိုးငွေ နှစ်ဆယ့်နှစ်သိန်းသုံးသောင်းကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်း ဆက်သွယ်ပေးသည့် တာကော်တံတားသစ် တည်ဆောက်နေမှု ကွင်းဆင်းကြည့်ရှု
Apr 20,2021
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်နိုင်နိုင်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ညနေ (၄)နာရီအချိန်က လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်ကာလိမြို့ရှိ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း ဆက်သွယ်ပေးသည့် တာကော်တံတားသစ် (၁)စင်း တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။