ပျဉ်းမနား ဧပြီ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ပျဉ်းမနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(စုပေါင်းရုံး)အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ဝေးဖြိုးက ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ နောက်ခံသမိုင်းကြောင်းနှင့် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထား၍ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်ရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဝေဖြိုးနိုင်က ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား လုံးခြုံရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၃၆)ဦးအား နိုင်ငံသားစိစစ်ရေးကတ်နှင့် ပုံစံ(၆၆/၆)ဆောင်ရွက်ရာတွင် သိသင့်သောအချက်များ၊ ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံဥပဒေ၊ ရဲလုပ်ငန်းတွင် ကူညီဆောင်ရွက်ရမည့်အချက်များနှင့် ရုံးစာရေးသားနည်း သင်ခန်းစာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)