သာပေါင်း ဧပြီ ၁၉
ပုသိမ်ခရိုင် သာပေါင်းမြို့နယ် ပြည်အေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်း ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမြို့နိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို အဖွင့်အမှာစကား ပြောကြားသည်။
သင်တန်းတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းထွဋ်က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ငန်းတာဝန်များ၊ ဥပဒေ၊ နည်းဥပဒေ ပုံစံ(၂၇)မျိုး ဖြည့်သွင်းခြင်းဆိုင်ရာ ဘာသာရပ်ကိုပို့ချခဲ့သည်။ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုးက နယ်မြေဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဘာသာရပ်ကို ပို့ချခဲ့သည်။ မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းအောင်က ပုံစံ ၆၆/၆ ပြုလုပ်ခြင်း၊ နိုင်ငံသားစီစစ်ရေး ကပ်ပြားပြုလုပ်ခြင်း၊ ပြောင်း၀င်/ပြောင်းထွက် ပုံစံ(၁၀)ပြုလုပ်ခြင်း၊ မွေးဖွား/သေဆုံးစာရင်း ပြုလုပ်ခြင်းဆိုင်ရာ ဘာသာရပ်ကို ပို့ချခဲ့သည်။ မြို့နယ်ဥပဒေအရာရှိ ဦးသန်းထိုက်က ရာဇသတ်ကြီးနှင့် ရာဇသတ်ကြီးကျင့်ထုံး ဥပဒေ ဘာသာရပ်ကို ပို့ချခဲ့သည်။ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဝင်းထွဋ်က လယ်ယာမြေအသုံးချစီမံခန့်ခွဲမှု မြေလွတ်/မြေလပ်/မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေ စာချုပ်စာတမ်း မှတ်ပုံတင်လုပ်ငန်း ဘာသာရပ်ပို့ချခဲ့သည်။ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူလွင်က မီးသတ်ဥပဒေ၊ နည်းဥပဒေ၊ မီးဘေးလုံခြုံရေး၊ သဘာဝဘေး ကယ်ဆယ်ရေးဆိုင်ရာ ဘာသာရပ် ပို့ချခဲ့သည်။
သင်တန်းတွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(၇၀)ဦးနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်(ပြန်/ဆက်)