ဂန့်ဂေါ ဧပြီ ၁၉
ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းပွဲကို ဂန့်ဂေါမြို့ သာသနာ့ဗိမာန်တော်၌ ယမန်နေ့ညနေက ပြုလုပ်သည်။
ဆက်ကပ်လှူဒါန်းပွဲကို နမောတဿဘုရားရှိခိုးဖြင့် ဖွင့်လှစ်၍ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မြို့ခင်းသာပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဇဋိလထံမွ ငါးပါးသီလကို ခံယူဆောက်တည် ကြသည်။
ယင်းနောက် ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်အေးတို့နှင့် ဌာနဆိုင်ရာများ၊ စေတနာရှင်များတို့က ကြွရောက်တော်မူလာကြသည့် သံဃာတော်များထံ ဆွမ်းဆန်တော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းလျက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ " မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်း၊ မြို့နဲ့ ၅ မိုင်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း ၃၆ ကျောင်းအတွက် ဆွမ်ဆန်တော် ၁၄၂ အိပ်နဲ့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း ဖြစ်ပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
တောင်သားမောင်သန်း