မင်းရဲကျော်စွာလမ်းမကြီးအား ကွန်ကရစ်လမ်းလုံးပြည့်ခင်းခြင်းဆောင်ရွက်
Apr 20,2021
ပြည်သူလူထုသွားလာမှုအဆင်ပြေချောမွေ့စေရန်အတွက် အဓိကလမ်းမကြီးများကို အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်းများ ဆောင်ရွက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ -၂၀၂၁ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် တွံတေးမြို့အုန်းပင်စုရပ်ကွက်နှင့် မင်းပိုင်းရပ်ကွက်ကြားရှိ မင်းရဲကျော်စွာလမ်းမကြီးကို ကွန်ကရစ်လမ်းလုံးပြည့်ခင်းခြင်းကို ယနေ့ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။