တနင်္သာရီ မေ ၂၉
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်မှ ဦးဆောင်ကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီမှ ၈ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်မှ အပြင်သို့ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ သေချာစွာတပ်ဆင်သွားလာဖို့ အလေ့အထရရှိစေရန် COVID-19 ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်တားဆီးကာကွယ်ရေး လှုပ်ရှားမှုအဖြစ် (Mask Campaign)ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။
ယင်းသို့ Mask Campaign ပြုလုပ်ဆောင်ရွက်ရာ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း (၁၅)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် အောင်ကြည်သိန်းမှ ဦးစီး၍ တပ်ဖွဲ့ဝင်(၉)ဦး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလင်းထိုက်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စိုးအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ လ/ထမီးသတ်ဦးစီးမှူး ဦးသက်လွင် ဦးစီး၍ တပ်ဖွဲ့ဝင်(၄)ဦး၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးဇော်ဇော်အောင်နှင့် တပ်ဖွဲ့ဝင်(၅)ဦး၊ ချောင်းကြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ချောင်းငယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ကိုတို့ ပူးပေါင်းပါဝင်ခဲ့ကြပြီး အဖွဲ့ (၂)ဖွဲ့ခွဲ၍ လူစည်ကားရာနေရာဖြစ်သော ချောင်းကြီးရပ်ကွက်၊ ရှင်မအောင်သာလမ်းဆုံ၊ သုခလမ်းဆုံ (မြို့မစခန်းရှေ့) နှင့် ချောင်းငယ်ရပ်ကွက်၊ ဈေးလမ်း၊ အောင်မင်္ဂလာဈေးရုံ(၂)အရှေ့တို့တွင် (COVID-19) ရောဂါ ကူးစက်ပျံ့ပွားမှု ထိန်းချုပ်တားဆီး ကာကွယ်ရေး (Mask Campaign) ပြုလုပ်ခဲ့ကြပြီး (Mask)တပ်ဆင် သွားလာမှုမရှိသည့် ခရီးသွားပြည်သူများကို (Mask)များ အခမဲ့တပ်ဆင်ဖြန့်ဝေပေးခဲ့ရာ စုစုပေါင်း(၄၅၀)ခု ပေးဝေခဲ့ကြောင်းသိရှိရသည်။
နန်းသာရီ-ထိန်ဝင်း