မြိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်

မြိုင်  မေ  ၂၉

မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊မြိုင်မြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်၁၀နာရီအချိန်က အမှတ်(၃)တပ်မတော် အကြီးစားစက်ရုံ(ခွဲ) မြိုင်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြိုင်မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပန်းခင်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြိုင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးစိုးနိုင်ဝင်းနှင့် ဝန်ထမ်းများ၊ အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(ခွဲ)မှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ စက်ရုံဝန်းအတွင်း နေထိုင်လျက်ရှိသော ဝန်ထမ်းမိသားစုများအား မွေးရာပါနိုင်ငံသားများနှင့်ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီအိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်အသစ်ပြုလုပ်ခြင်း၊လဲလှယ်ပေးခြင်းနှင့် ပျောက်ဆုံးများအားပြန်လည်ပြုလုပ်ပေးခြင်းများကို ပန်းခင်းစီမံချက် အရနေထိုင်မှုပုံစံများအလိုက်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးခဲ့ရာတွင် ယာယီအိမ်ထောင်စု(၁၁)စု၊အတည်ပြု အိမ်ထောင်စု(၄၉)နှင့်မှတ်ပုံတင်အသစ်လျှောက်ထားမှုများကိုပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူရ(ပုံတောင်)