တပ်ကုန်းမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

တပ်ကုန်း မေ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာ တင်လတ် ရေးသားထားသည့် “အဖိုးတန်ကျန်းမာရေးဗဟုသုတများ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ (Community  Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင် က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များ ပြောကြားပြီး မြို့နယ် စာအုပ်စာစောင်ချစ်မြတ် နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား)က “ကွမ်းစားခြင်းနှင့် ခံတွင်းကင်ဆာ” ခေါင်းစဉ်ကိုလည်းကောင်း၊ မြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမျိုးမြင့်(မျိုးမြင့်-မြန်မာစာ)၊  ဦးသိန်းဝင်းမြင့် (မြကျောက်အေးချမ်း)၊ ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း)  ဒေါ်မြသန္တာ(မြပုလဲ-တပ်ကုန်း)တို့က  “Cell  Phone အန္တရာယ်” ၊ “သွေးလွန် တုပ်ကွေးရောဂါ” ၊ “BOTOX  သို့မဟုတ် လူကြိုက်များသောအဆိပ်တစ်မျိုး” ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက အပြန်အလှန်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်