တနိုင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

တနိုင်း မေ ၂၉

မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

တနိုင်းမြို့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ပညာရေးကြီးကြပ် မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က အဖွင့်အမှာစကားပြောကြားပြီး တနိုင်း မြို့နယ် ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းက ပညာရေးဟာ နိုင်ငံနှင့် လူမျိုးအတွက် အရေးကြီးကြောင်းနှင့် ကျောင်းဖွင့်လှစ်ရေးဆိုင်ရာများအကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

နိုင်ငံတော်မှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်များအတွက် အခမဲ့ ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များ ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်နှင့် တနိုင်းမြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းတို့က ပေးအပ်ခဲ့ကြသည်။

မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်း၊ ဌာနဆိုင်ရာများနှင့် ကျောင်းအုပ်ဆရာ/မကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။