စဉ့်ကိုင် မေ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြောက်ကိုင်းကျေးရွာအုပ်စု ၊ဆယ့်နှစ်ကိုင်းကျေးရွာရှိဒုဌ၀တီမြစ်အတွင်းငါးသားပေါက်ကောင်ရေ(၆)သိန်းစိုက်ထည့်ခြင်းကိုစိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန မှ ယနေ့ နံနက် (၈)နာရီ က စိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဒုဌ၀တီမြစ်အတွင်း ငါးသားပေါက်ကောင်ရေ ငါးမျိုးများစိုက်ထည့်ရာတွင် မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးအောင်ညီတိုး၊ ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနတာ၀န်ခံဒေါ်ခိုင်ခိုင်၀င်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့၀င်(၁)ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးသိန်းလွင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ငါးလုပ်ငန်းဦးစီးဌာနမှ၀န်ထမ်းများတက်ရောက်ခဲ့ကြပြီးငါးသားပေါက်ကောင်ရေငါးမျိုးများကိုစိုက်ထည့်ပေးခဲ့ကြသည်။
စဉ့်ကိုင်မြို့နယ်အနေဖြင့် ဒုဌ၀တီမြစ်အတွင်း စိုက်ထည့်သည့် ငါးမျိုးများမှာ ငါးခုံးမကြီး (၁)သိန်း၊ရွှေဝါငါးကြင်း(၄.၃)သိန်း၊ငါးမြစ်ချင်း(၇)သောင်းစုစုပေါင်းငါးကောင်ရေ(၆)သိန်းကို မျိုးစိုက်ထည့်ပေးခဲ့ရာငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးမျိုးကောင်းမျိုးသန့်များတိုးတက်ပြန့်ပွားစေရန်၊ဒေသတွင်းငါးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်စေရန်၊ရေချိုငါးမျိုးများမပြုန်းတီးစေရေးနှင့် ဒေသတွင်းငါးစားသုံးမှု ဖူလုံစေရေးတို့အတွက် ငါးမျိုးများကို ဆည်၊ ရေလှောင်တံမံ၊သဘာ၀ရေလျှံကွင်းများနှင့် ကျေးရွာများရှိ စပါးခင်းများအတွင်းနှစ်စဉ်ငါးမျိုးများ စိုက်ထည့်ပေးလျှက်ရှိရာ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်းငါးမျိုးများစိုက်ထည့်ပေးခြင်းဖြစ်ကြောင်းကိုကျောက်ဆည်ခရိုင်တာ၀န်ခံဒေါ်ခိုင်ခိုင်၀င်းထံက သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)