ကျောက်တံခါး မြို့နယ်၌ ၂၀၂၁ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေး

ကျောက်တံခါး ဇွန် ၄ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေ များကို ယမန်နေ့နံနက်(၉) နာရီက ကျောက်တံခါးမြို့နယ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်၌ ခင်အင်းကြီး ကျေးရွာအုပ်စုရှိ တောင်သူများကို ထုတ်ပေးလျက်ရှိကြောင်း သိရပါသည်။ အဆိုပါ ခင်အင်းကြီးရွာ၌ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေထုတ်သူ တောင်သူ(၄၄) ဦး၏လယ်ဧက (၃၃၃)ဧက အတွက်တစ်ဧကလျှင် ငွေကျပ် (၁)သိန်းခွဲနှုန်းဖြင့် ငွေ (၄၉၉၅၀၀၀၀) သိန်းကို ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ကျောက်တံခါးမြို့နယ်၌ ၂၀၂၁ ခုနှစ်အတွက် မိုးစပါးချေးငွေ တစ်ဧကလျှင် ၁ သိန်းခွဲနှုန်းဖြင့် ငွေကျပ်၁၇၃၄၃၇ သိန်းကို ထုတ်ချေးပေးရန် လျာထားကြောင်းနှင့် ၂၀၂၀ ခုနှစ် မိုးစပါး အချိန်စေ့ ချေးငွေပြေကျေသည့် တောင်သူများကို ၂၀၂၁ ခုနှစ်၊ မေလ(၂၆)ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိပြီး စက်တင်ဘာလအထိ ထုတ်ပေးသွားမှာဖြစ်ကြောင်း၊ ယနေ့ထိ ကျေးရွာအုပ်စု(၆)အုပ်စု၊ တောင်သူ(၃၉၄)ဦး၏ (၂၇၃၀)ဧကအတွက် မိုးစပါး ချေးငွေ(၄၀၉၅) သိန်း ထုတ်ချေးပြီးဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးနိုင်ဝင်း ထံမှ သိရပါသည်။ မြို့နယ် (ပြန်/ဆက်)