ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်

 

စစ်တွေ ဇွန် ၄

“ပတ်ဝန်းကျင်ရေရှည်တည်တံ့ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက စစ်တွေမြို့ လောကာနန္ဒာစေတီတော် ပုရိဝုဏ်အတွင်း၌ကျင်းပရာ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်း တက်ရောက်သစ်ပင်စိုက်ပျိုးပေးသည်။

ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ ဒေါက်တာ အောင်ကျော်မင်းနှင့် အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးတို့က သပြေပင်ကို စိုက်ပျိုးပေးကြသည်။ ဆက်လက်၍ ဒေသကွပ်ကဲမှုစစစ်ဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူများက ကံ့ကော်ကော်၊ သင်္ဂနက်၊ မဟော်ဂနီစသည့်သစ်ပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က သစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည် ကြည့်ရှုအားပေးကြသည်။ ယနေ့ သစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်ပေါင်း ၁၉၀ ကျော်ကို စိုက်ပျိုး ခဲ့ကြကြောင်းသိရသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲသို့ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒေသကွပ်ကဲမှုစစစ်ဌာနချုပ် (စစ်တွေ) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေ ချုပ်၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

တင်ထွန်း