ကျွန်းလှ ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး မျိုးဆက်သစ် အားကစားသမား ပေါ်ထွန်းလာစေရန်အတွက် မိုးလုံလေလုံအားကစားခန်းမ တည်ဆောက်လျက်ရှိရာ ယခုအခါ (၃၈)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးမှူးဒေါ်နွယ်နွယ်ထွန်း ကပြောသည်။
မိုးလုံလေလုံအားကစားခန်းမ (အလျား၁၂၀×အနံ၉၀×အမြင့်၃၆)ပေ တည်ဆောက်ခြင်းကို ၂၀၂၀ -၂၀၂၁ ဘဏ္ဍာ နှစ် ပြည်ထောင်စုခွင့်ပြုငွေ ကျပ်(၂၉၆ဒသမ၁)သန်းဖြင့် တင်ဒါအောင်မြင်သော သီဟပိုင်ကုမ္ပဏီက တာဝန် ယူဆောင်ရွက်ကြောင်းသိရသည်။
အဆိုပါအားကစားခန်းမအား စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေးကို မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ ၊မြို့နယ်အရည်အသွေးစစ်ကော်မတီ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တာဝန်ရှိသူ တို့က ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
မျိုးဝင်းညို (ကျွန်းလှ)