နတ်တလင်း ဇွန် ၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နတ်တလင်းမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်လုပ်ကိုင်သော ကျေးရွာတွင်းလမ်း ကျောက်ရောမြေနီခင်းခြင်းကို ပဲမခမ်းအုပ်စု ကံသာယာကျေးရွာတွင် ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သည်။
ပဲမခမ်းအုပ်စု ကံသာယာကျေးရွာတွင် ဆောင်ရွက်ပြီးစီးသွားသော ကျေးရွာတွင်းလမ်း ကျောက်ရောမြေနီခင်းခြင်း လုပ်ငန်းတွင် ကျေးရွာတွင်းလမ်းအရှည် (၅၇၄၈)ပေရှိ၍ လမ်းအကျယ် (၁၀)ပေနှင့် ထု(၉)လက်မရှိ၍ ကုန်ကျငွေမှာ (၁၀.၀၀)သန်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)