နမ္မတူမြို့နယ်ရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများ နေရပ်သို့ပြန်လည်ရောက်ရှိ

နမ္မတူ ဇွန် ၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်းရှိ ပန်သပြေ (တောင်)၊ ကောင်းဟုန်း၊ မန်မိုင်၊ လေလု၊ နားလေကျေးရွာနှင့် မန်ဟောင်ဘုန်းတော်ကြီးကျောင်းတို့တွင် လာရောက်ခိုလှုံလျက်ရှိသော ယာယီတိုက်ပွဲရှောင်ပြည်သူများ ဇွန်လ (၁) ရက်နေ့တွင် နေရပ်သို့ ပြန်လည် ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ယာယီတိုက်ပွဲရှောင်ပြည်သူများ နေရပ်သို့ပြန်ရာတွင် ပန်လုံ၊ မန်ကျန်း၊ မန်ဆာ၊ ရေအိုး၊ ပန်ဟတ်၊ မန်လီ၊ ချောင်းဆာကျေးရွာတို့ရှိ ယာယီတိုက်ပွဲရှောင်ပြည်သူ (၉၀၀)ခန့်က ပရဟိတ လူမှုရေးအသင်းရှိ ယာဉ်များ၏ အကူအညီဖြင့် နေရပ်သို့ပြန်ကြပြီဖြစ်သော်လည်း မီးလောင် ဆုံးရှုံးခဲ့ရသည့် နေအိမ်များရှိ ယာယီတိုက်ပွဲရှောင်ပြည်သူ (၄၀၀)ကျော်ခန့်မှာ ပြန်လည် ထူထောင် နိုင်ရေးအတွက် လိုအပ်လျက်ရှိသဖြင့် နေရပ်သို့ မပြန်နိုင်သေးကြောင်း မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့်ထံက သိရသည်။