ဘုရားသုံးဆူ ဇွန် ၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ သစ်တောဦးစီးဌာန ပျိုးဥယျာဉ်အနေဖြင့် မိုးရာသီ စိုက်ပျိုးနိုင်ရန်အတွက် ကျွန်း၊ မန်ဂျာရှား၊ ပျဉ်းကဒိုးနှင့် မဟော်ဂနီ စသည့် ပျိုးပင်ပေါင်း (၂၀၀၀၀) ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။
ဘုရားသုံးဆူမြို့ သစ်တောဦးစီးဌာန ပျိုးဥယျာဉ်အတွင်း ကျွန်း (၅၀၀၀)၊ မန်ဂျာရှား (၅၀၀၀)၊ မဟော်ဂနီ (၅၀၀၀)၊ ပျဉ်းကဒိုး (၅၀၀၀) စုစုပေါင်း ပျိုးပင်ပေါင်း (၂၀၀၀၀) ကို စိုက်ပျိုးပြုစု ပျိုးထောင်ထားရှိပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ပူပြင်းလာခြင်း၊ မိုးခေါင်ခြင်း စသော သဘာဝဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်သွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် နှစ်စဉ်မိုးရာသီတွင် သစ်ပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးပြုစု ထိန်းသိမ်းသွားစေလိုကြောင်း ဘုရားသုံးဆူမြို့ သစ်တောဦးစီးဌာန ပျိုးဥယျာဉ်မှ တောအုပ် ဦးလှဌေး၏ ပြောကြားချက်အရ သိရသည်။
ဘုရားသုံးဆူ