လှိုင်းဘွဲ ဇွန် ၃
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် မွေးစမှ အသက် (၁) နှစ်ခွဲ အရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြိုင်ကြီးငူအထူးဒေသ တိုက်နယ်ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် Social Distancing စနစ်ဖြင့် နေထိုင်စေခြင်း၊ ကလေးမိခင်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား နှာခေါင်းစည်းများ တပ်ဆင်လာစေခြင်းဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် မြိုင်ကြီးငူအထူးဒေသ ကျန်းမာရေး ဝန်ထမ်းများက မွေးစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါဘီရောဂါနှင့် ဦးနှောက် အမြှေးရောင် ရောဂါများ ကာကွယ်ရန်အတွက် ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ထိုးနှံခြင်းနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား မေးခိုင်ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို အပတ်စဉ် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။