မင်းလှမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်း အဝေးကျင်းပ

 

မင်းလှ ဇွန်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် ယနေ့ နံနက် ၁၀ နာရီချိန်က ကလေး သူငယ် အခွင့် အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဌ ဦးစိုးထွဋ်က ကလေး သူငယ်များ အတွက် ပညာပေးသင့်သည့် လုပ်ငန်း အစီအစဥ်များနှင့် ကော်မတီဝင်များမှ ပူးပေါင်း ဆောင်ရွက် ပေးကြရန် အမှာ စကားပြောကြား သည်။

ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး လူမူဝန်ထမ်းဦးစီး ဌာန သာယာဝတီခရိုင် လူမူဝန်ထမ်းရုံးမှ တာဝန်ခံ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်စိုးက မင်းလှမြို့နယ် အတွင်း ကလေး သူငယ် များ၏ အခွင့်အရေးဆိုင်ရာနှင့် ပတ်သတ်၍ ဆောင်ရွက် ထားခြင်း များကိုရှင်းလင်းပြောကြားသည်။

ထို့နောက်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အဖွဲ့ဝင်များက ရှေ့လုပ်ငန်းစဉ်များ ချမှတ် ခြင်းနှင့် အထွေထွေ ကိစ္စရပ် များကိုဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

ပေါက်စ-မင်းလှ