သုံးခွ ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့နံနက် ၁၀ နာရီ က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပ ကြောင်းသိရသည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ဦးသိန်းစိုးက ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ် တုန့်ပြန် ရေးကော်မတီကိုပြန်လည်ဖွဲ့စည်းတာ၀န် ပေးအပ်ပြီးဖြစ်ပါကြောင်း၊ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကုသရေးလုပ်ငန်းများကို လမ်းညွှန် ချက်များ နှင့် အညီညွှန်ကြားချက်များအတိုင်း ဌာန ဆိုင်ရာ များအနေဖြင့်ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊Quarantline Center) အဖြစ် မဟာ စည် သာသနာ့ ရိပ်သာနှင့် မိုးကုတ်ဝိပဿနာရိပ်သာတို့ကို ရွေးချယ်ထားပါကြောင်း ၊ ကိုဗစ်-ရောဂါ ထိန်းချုပ်ရေး လုပ်ငန်း များတွင် Volunteerများပူး ပေါင်းပါ၀င်လာစေလိုပါကြောင်းနှင့်တက်ရောက် လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက ကိုဗစ်-၁၉ရောဂါထိန်းချုပ် လုပ်ငန်းများတွင်လည်းပူး ပေါင်းပါ၀င်သွားစေလိုပါကြောင်း ပြောကြား ခဲ့သည်။
တက်ရောက်လာသည့် ဌာနဆိုင်ရာ တာ၀န်ရှိသူများမှ ကိုဗစ်-၁၉ ေရာဂါကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ဆွေးနွေး ခဲ့ကြရာ စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့်ကော်မတီဝင်များ က ဖြည့်စွက်ဆွေးနွေးပြီး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဌ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသိန်းစိုး က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ယင်းနောက် ကိုဗစ်-၁၉ ရောဂါပိုး positive လူနားထားရှိရန်နှင့် ရောဂါပိုး ထိတွေ့သူနှင့် ဆက်စပ်သူများအား ထားရှိရန် မဟာစည် သာသနာ့ ရိပ်သာ နှင့် မိုးကုတ်ဝိပဿနာရိပ်သာ ၀င်းအတွင်းတွင် (Facility Quarantline Center) အသွားအလာ ကန့်သတ်နယ်မြေ သတ်မှတ်ထားရှိ ရန် အတွက်ကြိုတင်ပြင်ဆင်နိုင်ရေး ကွင်းဆင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် ပြန်/ဆက်