မိုင်းဖြတ် ဇွန် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသားသမီးများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပညာသက်ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယမန်နေ့ ညနေ ၄ နာရီ ချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်သီတာဝင်းနှင့် တာဝန်ရှိသူများက အဆင့်မြင့်ပညာအဆင့် ၁ ဦး၊ အထက်တန်း အဆင့် ၁ ဦး၊ အလယ်တန်းအဆင့် ၇ဦး၊ မူလတန်းအဆင့် ၂၅ဦး စုစုပေါင်း ၃၄ ဦးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး