ထားဝယ် ဇွန် ၃
တနင်္သာရီတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အမှုထမ်းနှင့် အရာထမ်းများအား ယနေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များက နှာခေါင်းစည်း Mask များဝေငှပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များက တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အမှုထမ်း ၁၈၇ ဦးနှင့် အရာထမ်း ၂၈ ဦး စုစုပေါင်း(၂၁၅)ဦးတို့အား တစ်ဦးလျှင် နှာခေါင်းစည်း Mask (၂၅) ခုနှုန်းဖြင့် (၅၃၇၅)ခုအား တစ်ဦးချင်း ဝေငှပေးခဲ့ကြောင်း သတင်းရရှိသည်။
(တိုင်းဒေသကြီးပြန်/ဆက်)