သနပ်ပင် ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများကို ဇွန် ၁ရက်နေ့မှ စတင် ဖွင့်လှစ်ကြားခဲ့ရာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိ သူတို့က လှည့်လည်ကြည့်ခဲ့ကြောင်းသိရသည်။
ထို့သို့ကြည့်ရှု့ရာတွင် အခြေခံပညာကျောင်းများ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော စည်းမျဉ်း စည်ကမ်းချက် များနှင့်အညီ သင်ကြားပေးနိုင်ရေး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး လုံခြုံမှုရှိရေးတို့ စီစဉ် ဆောင်ရွက် ထားရှိမှု အခြေအနေများကို မြို့နယ် လုံခြုံရေး တပ်ဖွဲ့မှူး ဗိုလ်မှူး အောင်မိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ နှင့် တာဝန်ရှိ သူတို့က လှည့်လည် ကြည့်ရှု့ခဲ့ကြသည်။ သနပ်ပင်မြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်း (၁၂၁)ကျောင်း ၊ ဘုန်းးတော်ကြီး သင်ပညာရေး ကျောင်း (၁)ကျောင်း ရှိကြောင်းသိရှိ ရသည်။
မြို့နယ်(ပြန်/ဆက်)