အမ်းမြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နေရပ်ပြန်ပြည်သူများသို့ ငွေနှင့် ထောက်ပံ့ ပစ္စည်းများပေးအပ်

အမ်း  ဇွန် ၃

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နေရပ်ပြန်ပြည်သူ များသို့ ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့(၁၀)နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

 

 

အဆိုပါ နေရပ်ပြန်ပြည်သူများအား ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးဗိုလ်မှူးချုပ် ဗိုလ်မှူးကြီးကျော်ကျော်သန်းက အဖွင့်အမှာစကားနှင့် အတူ နေရပ်ပြန်ပြည်သူများအတွက် ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်က မြို့နယ်၌ နေရပ်ပြန်ပြည်သူများ၏ ထောက်ပံ့ပေးအပ်နေမှုအစီအစဉ်နှင့် ဒေသတွင်းဆောင်ရွက်နေမှုများကိုရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။

 

 

ထို့နောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိပုဂ္ဂိုတစ်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိတို့က တစ်အိမ်ထောင် လျှင် ငွေကျပ်(၁)သိန်း၊ လူအသုံးအဆောင်ပစ္စည်း(၁၆)မျိုးပါဝင်သော Fimily Kit ပုံး(၁)ပုံး၊ တာပေါ်လင် မိုးကာ(၁)စနှုန်းဖြင့် အိမ်ထောင်စုပေါင်း(၁၄၀)စုအတွက် စုစုပေါင်းငွေကျပ်(၁၄၀) သိန်းနှင့်ထောက်ပံ့ ပစ္စည်းများအား နေရပ်ပြန်ပြည်သူများ၏ လက်ဝယ်အရောက်ပေး အပ်ခဲ့ကြောင်းသိရသည်။

 

 

ထောက်ပံ့ပေးအပ်ခြင်းသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထန်းများ၊ နေရပ်ပြန်ပြည်သူများတက်ရောက်ခဲ့ကြောင်းသိရှိရသည်။

 

ဝင်းအိမွန်