လက်ပံတန်း ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာ၌ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
လက်ပံတန်းမြို့နယ်တွင် ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ငဘတ်အိုင် ကျေးရွာ၊ ချောင်းအိုင်ကျေးရွာ၊ ရေကြည် (သူဌေးကုန်း) ကျေးရွာ၊ မိုးဆယ်ကျေးရွာ၊ ရေငံ (တောင်တန်း မြိုင်) ကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ စခန်းသာ (ချစ်ရွှေကုန်း)ကျေးရွာတို့တွင် ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ကျေးလက်ကုန်ထုတ်လမ်းများကို ဗောဓိပင်ကျေးရွာ၊ ရှမ်းစုကျေးရွာ၊ ဆင်မနီကျေးရွာ၊ ကျွန်းပင်ကောက်ကျေးရွာတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်စိုးထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)