ကျောက်တံခါးမြို့နယ်၌ ၂၀၂၁ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိ

ကျောက်တံခါး ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ များကို ယနေ့ နံနက်() နာရီက ကျောက်တံခါးမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ခင်အင်းကြီး ကျေးရွာအုပ်စုရှိ တောင်သူများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါခင်အင်းကြီးရွာ၌ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေထုတ်သူ တောင်သူ(၄၄)ဦး၏ လယ်ဧက (၃၃၃)ဧက အတွက်တစ်ဧကလျှင် ငွေကျပ် ()သိန်းခွဲနှုန်းဖြင့် ငွေ(၄၉၉၅၀၀၀၀)သိန်းကို ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်၌  ၂၀၂၁ ခုနှစ်အတွက် မိုးစပါးချေးငွေ တစ်ဧကလျှင် ၁သိန်းခွဲနှုန်းဖြင့် ငွေကျပ် ၁၇၃၄၃၇ သိန်းကို ထုတ်ချေးပေးရန် လျာထားကြောင်းနှင့် ၂၀၂၀ ခုနှစ် မိုးစပါး အချိန်စေ့ ချေးငွေပြေ ကျေသည့် တောင်သူများကို ၂၀၂၁ ခုနှစ်၊ မေလ(၂၆)ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိပြီး စက်တင်ဘာလအထိ ထုတ်ပေးသွားမှာဖြစ်ကြောင်း၊ ယနေ့ထိ ကျေးရွာအုပ်စု() အုပ်စု၊ တောင်သူ (၃၉၄)ဦး၏ (၂၇၃၀)ဧကအတွက် မိုးစပါးချေးငွေ(၄၀၉၅)သိန်း ထုတ်ချေးပြီးဖြစ်ကြောင်း မြို့နယ်မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးနိုင်ဝင်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)