စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ခဝဲသီးစိုက်တောင်သူများ စျေးနှုန်းအသင့်အတင့်ရရှိ၍ အဆင်ပြေလျက်ရှိ

စဉ့်ကိုင်     ဇွန်  

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်အတွင်းရှိ    ကျေးရွာအချို့တွင်   ရာသီပေါ်သီးနှံဖြစ်သည့်ခဝဲသီးပင်များစိုက်ပျိူးလျက်ရှိပြီးယခုအခါ  ခဝဲသီးများ လှိုင်လှိုင်ပေါ်နေပြီး ဖြစ်ရာစိုက်ပျိုးသူတောင်သူများအနေဖြင့်  အောင်မြင်ဖြစ်ထွန်း၍    စျေးနှုန်းအသင့်အတင့်ရရှိပြီး  အဆင်ပြေလျက်ရှိကြောင်းသိရသည်။

ခဝဲသီးကို  မြန်မာလူမျိုးများအနေဖြင့်  ကြော်ချက်၍သော်လည်းကောင်း၊အသားငါးများဖြင့် ရောနှောခြင်း၊ အတို့အမြုပ်အဖြစ်  စားသုံးကြသော   အသီးတစ်မျိုးဖြစ်ရာခဝဲသီးပင်များကို    စိုက်ပျိုးမည် ဆိုလျှင် စိုက်စရိတ်အနေဖြင့် တစ်ဧကလျှင် ()သိန်းဝန်းကျင်ခန့် ကုန်ကြပြီးတစ်ပင်နှင့်တစ်ပင် ()တောင်ခြား စိုက်ပျိုးရကာစတင်စိုက်ပျိုးသည့်မှတစ်လခွဲအကြာတွင်အသီးများ စတင်ခူးဆွတ်ရကြောင်းနှင့် ခူးဆွတ်ရာတွင်လည်း တစ်ရက်ခြားတစ်ခါခူးဆွတ်ရပြီး တစ်ရက်လျှင် ပိဿာချိန်(၁၀၀ မှ၂၀၀) ဝန်းကျင်အထိ ထွက်ရှိရာ  ဝယ်ယူသူများအနေဖြင့်လည်း တစ်ပိဿာလျှင် (၆၀၀)ကျပ် ဖြင့်စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်း သိရသည်၊၊

ခဝဲသီးပင်မျိုးများစိုက်ပျိုးရာတွင်   မြှားနီမျိုးများစိုက်ပျိုးကြပြီး   ရာသီဥတုမရွေး  စိုက်ပျိုး၍ရသော သီးနှံဖြစ်သော်လည်း ဆောင်းရာသီတွင်စိုက်ပျိုးပါက အသီးများယခုထက်ပိုမိုထွက်ရှိပြီး ယခုအခါ နွေသီးနှံအဖြစ်စိုက်ပျိုးရာ  အောင်မြင်ဖြစ်ထွန်းပြီး စျေးနှုန်းအသင့်အတင့်ရရှိ၍ အဆင်ပြေလျက်ရှိကြောင်း ကသဲကုန်းကျေးရွာမှ   ခဝဲစိုက်တောင်သူ  ဦးမြင့်နိုင်ထံကသိရသည်။

အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်)