ပဲခူးမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူး ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်က အဖွင့်အမှာ စကား ပြောကြားပြီး ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဦးသက်ခိုင်က ပန်းခင်းစီမံချက် ဆောင်ရွက်နေမှုများအား ဆေွးနွေးပြောကြားသည်။

ထို့နောက် ပဲခူးခရိုင်သို့ အသစ်ရောက်ရှိလာသည့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ တစ်ဦးချင်း မိတ်ဆက်ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးတင်ပြကြသည်။ ဆက်လက်၍ အကြောင်းအမျိုးမျိုးကြောင့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး အရေးယူခံရသည့် နိုင်ငံ့ဝန်ထမ်းများအား ပြန်လည်စိစစ် တာဝန်ပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များအား Projector ဖြင့် ရှင်းလင်းဆွေးနွေးကာ ပဲခူးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည် များ ဖြည့်စွက်မှာ ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။         

မျိုးငြိမ်း(ခရိုင်ပြန်/ဆက်)