ပင်လောင်း ဇွန် ၃
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ပင်လောင်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူ ၃၆၅၉၅ ဦးရှိသည့်အနက် ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံသူ ၁၇၀၆၉ ဦး (၄၆.၆၄) ရာခိုင်နှုန်းနှင့် ကျောင်းတက်ရောက်သူ ၂၃၇၀ ဦး (၁၃.၈၈) ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ကျောင်းတက်ရောက်သည့် ကျောင်းသား/ကျောင်းသူများအား မျက်နှာကာ Face Shield၊ ပါးစပ် နှာခေါင်းစည်း Mask များကို နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျောင်းသား/ ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်