ဖြူးမြို့နယ်ထန်းကုန်း ကျေးရွာအတွင်းမြစိမ်းရောင်အတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းပြီးစီး

ဖြူး ဇွန် ၃ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အမဲခေါင်ကျေးရွာ အုပ်စု၊ ထန်းကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်းကျေးရွာမှ ရရှိလာသော အတိုး ငွေနှင့် ဆောင်ရွက်ခဲ့သော ကျေးရွာအတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခေတ္တ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့မှ ယနေ့နံနက် ၁:၀၀နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရ ပါသည်။ အဆိုပါကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား မြစိမ်းရောင်စီမံကိန်းမှ ရရှိလာသော အတိုးငွေ (၂၆၉.၀၉၂၅)သိန်းမှ (၆၀)သိန်းအား တတိယအကြိမ် ကျေးရွာတွင်း လမ်းအရှည် ၃၃၄ပေ၊ အကျယ် ၈ပေ၊ အမြင့် ၈လက်မ ကို ၂၀၂၁ခုနှစ် မေလ ၃ရက်နေ့မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ပြီးစီးခဲ့ပြီဖြစ်ကြောင်း ခေတ္တမြို့နယ်ဦးစီးမှူးထံမှ သိရသည်။ ထိုသို့ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်ပတ်သက်၍ ကျေးရွာ မြစိမ်းရောင် စီမံကိန်းကော်မတီအဖွဲ့ဝင်တစ်ဦးက အတိုးရငွေများကို ကျေးရွာ ဖွံ့ဖြိုးရေးအတွက် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းသည် ကျေးရွာအတွက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအခက်အခဲများ များစွာအဆင်ပြေမှုရှိလာကြောင်းနှင့် ကျေးရွာနေ ပြည်သူများသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို ရရှိလာကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။ မနွယ်(ဖြူး)